သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အသုံးချစာရင်းအင်းပညာအထူးပြုမေဂျာ၊ စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြုမေဂျာနှင့် စျေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာ မဟာတန်းကျောင်းသား/သူများ၏ Master Thesis Viva Defense ကို (၂၃.၄.၂၀၂၆)ရက်နေ့မှ (၂၄.၄.၂၀၂၆) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီး Board of Examiner များအဖြစ် ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများနှင့် ပြင်ပပညာရှင် ဆရာမကြီးများဖြစ်သော ဒေါက်တာမို့မို့ရီ (ပါမောက္ခချုပ်(ငြိမ်း)၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း))၊ ဒေါ်ခင်အေးမြင့် (ပါမောက္ခ ဌာနမှူး(ငြိမ်း)၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း))၊ ဒေါက်တာ ဒေါ်တင်လှ (DBA Programme Leader, Myanmar Imperial Collage, Partnership with The Great Manchester University)၊ ဒေါက်တာချိုချိုဝေ (ဧည့်ပါမောက္ခ၊ စာရင်းအင်းပညာဌာန)တို့မှ တက်ရောက်ခဲ့ပြီး ကျောင်းသား/သူများ၏ စာတမ်းနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်ခဲ့ကြပါသည်။ အသုံးချစာရင်းအင်းပညာအထူးပြုမေဂျာမှ ကျောင်းသား/သူ (၉)ဦး၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာအထူးပြုမေဂျာမှ ကျောင်းသား/သူ (၄)ဦး၊ စျေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာမှ ကျောင်းသား/သူ (၃)ဦး၊ စုစုပေါင်း (၁၆)ဦးတို့သည် သက်ဆိုင်ရာအထူးပြုဘာသာရပ်များ၏ သတ်မှတ်ပြဌာန်းချက်များအတိုင်း ဌာနများ၏ အစီအစဉ်ဖြင့် ဖြေဆိုခဲ့ကြပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်