တန့်ယန်းမြို့နယ် ကျေးရွာနှစ်ရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် ဖွင့်လှစ်မည့် လက်သမား၊ ပန်းရံသင်တန်းအတွက် သင်တန်းသားများအားစိစစ်ရွေးချယ်ခြင်းဆောင်ရွက်
တန့်ယန်း ဧပြီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဟာပွတ်ကျေးရွာနှင့် ခိုယောင်းကျေးရွာတို့ရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်အတွင်း ဖွင့်လှစ်မည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်ရံသင်တန်းများအတွက် သင်တန်းသားများအား ကွင်းဆင်းစိစစ်ရွေးချယ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစိစစ်ရွေးချယ်ရာတွင် တန့်ယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းနှင့် ဝန်ထမ်း များက ဟာပွတ်ကျေးရွာနှင့် ခိုယောင်းကျေးရွာများသို့ သွားရောက်၍ ကျေးရွာပြည်သူများနှင့်တွေ့ဆုံကာ လက်သမား၊ ပန်ရံသင်တန်းများအား အမှန်တကယ်သင်တန်းတက်ရောက်ရန် စိတ်ဝင်စားမှုရှိပြီး လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချနိုင်မည့်သူများအား သင်တန်းသား အဖြစ်စိစစ်ရွေးချယ်ကြပါသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်ရံ သင်တန်းကို ဟာပွတ်ကျေးရွာ၌ သင်တန်သား(၂၀)ဦးဖြင့် မေလ ၄ ရက်နေ့မှ ၁၈ ရက်နေ့အထိလည်းကောင်း၊ ခိုယောင်းကျေးရွာ၌ သင်တန်သား(၂၀)ဦးဖြင့် မေလ ၁၁ ရက်နေ့မှ ၂၅ ရက်နေ့အထိလည်းကောင်း စာတွေ့လက်တွေ့ အခမဲ့ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သန်းလွင်(မကွေး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်