" သာပေါင်းမြို့နယ်၊စစ်စင်ကျေးရွာ၌ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန်အတွက်ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းဖြင့် အခြေခံမော်တော်ဆိုင် ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်"
သာပေါင်း၊ဧပြီ ၂၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဝင်ငွေတိုးစီမံကိန်းဖြင့် အခြေခံမော်တော်ဆိုင် ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၂၇ရက်နေ့နံနက်ပိုင်းက ရွှေညောင်ပင်ကျေးရွာအုပ်စု၊စစ်စင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။ရှေးဦးစွာ သာပေါင်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်စိုးကအဖွင့်အမှာစကားပြောကြားပြီး၊ ပုသိမ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိုးက ဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများ၊သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။ဆက်လက်၍သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ် ဦးစီးမှူး ဒေါ်တင်တင်နွယ် က ယခုသင်တန်းတက်ရောက်လာသူများအနေဖြင့်လည်းသင်တန်းကာလပြီးဆုံးသည့်တိုင် စိတ်ပါဝင်စားစွာဖြင့် မပျက်မကွက် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့သာပေါင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုး၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်၊ပုသိမ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိုး၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်နှင့်ဝန်ထမ်းများ၊သင်တန်းနည်းပြများနှင့် သင်တန်းသား (၂၀)ဦးတက်ရောက်ခဲ့ကြသည်။အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်း သိမ်းနည်းပညာရပ်များကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ဧပြီလ (၂၇) ရက်နေ့မှ မေလ(၂၆)ရက်နေ့အထိ (၁) လကြာစာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသားများအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်