Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အင်္ဂပူမြို့နယ် ရွှေတောင်စုကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး


28 Apr,2026

အင်္ဂပူမြို့နယ် ရွှေတောင်စုကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး

‎************************************************************************

‎အင်္ဂပူ                            ဧပြီ                             ၂၈

‎‎သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ရွှေတောင်စုကျေးရွာ၌ ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်တင်အောင်၊ အင်္ဂပူမြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းနိုင် နှင့် ဝန်ထမ်းများသည် ကျေးရွာတွင်းလမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ရွှေတောင်စုကျေးရွာ၌ ရွာတွင်းလမ်း အရှည် ၁ ဒသမ ၁၆၇ ဖာလုံ လမ်းအကျယ် ၂ ပေ ၆ လက်မ လမ်းအမြင့် ၆ လက်မ ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကျေးရွာတွင်းလမ်းဖြစ်မြောက်ရေးကော်မတီဝင်များအား ကွန်ကရစ်ဘီးလမ်းကို စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာတွင်းလမ်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် ၁၀၀ စီမံချက်ဖြင့် ပြည်ထောင်စုရန်ပုံငွေကျပ် ၅၃ ဒသမ ၂ သုည ၂ သန်းဖြင့် အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ၍ ဧပြီ ၂၄ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ  ၂၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါကွန်ကရစ်ဘီးလမ်း ရာနှုန်းပြည့်ပြီးစီးပါက ရွှေတောင်စုကျေးရွာသူ/သားများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများဆောင်ရွက်ရာ၌ ရာသီမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း အင်္ဂပူ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်