ကံမမြို့နယ် ပြောင်ကျကျေးရွာ၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကျင်းပ
**********************************************************************
ကံမ ဧပြီ ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပယ်ကျကျေးရွာအုပ်စု၊ပြောင်ကျကျေးရွာ၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျော့နည်းစေရေးအသိပညာပေးဟောပြောပွဲ ကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်သည်။ရှေးဦးစွာ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိဦးမင်းကိုနိုင်က မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျော့နည်းစေရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများကိုရှင်းလင်းပြောကြားသည်။ဆက်လက်၍ ကံမမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးမောင်မောင်သန့်ဇင်ကမီးခိုးမြူငွေ့အန္တရာယ် အကြောင်းသိကောင်းစရာများကို လည်းကောင်း၊ သရက်ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက မီးခိုးမြူငွေ့အန္တရာယ်ကြောင့်နောက်ဆက်တွဲဖြစ်ပွား လာနိုင်သည့် ပတ်ဝန်း ကျင်ညစ်ညမ်းမှုများကိုကာကွယ်နိုင်ရန်လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကို ဟောပြောသည်။အဆိုပါ ဟောပြောပွဲသို့ ပြောင်ကျကျေးရွာမှ ဒေသခံပြည်သူများ တက်ရောက်ကြပြီးဌာနဆိုင်ရာတာဝန်ရှိသူများက မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျော့ နည်းစေရေးဆိုင်ရာအသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်