ပုဗ္ဗသီရိမြို့နယ်၌ နွေစပါးစိုက်တောင်သူများအား ယူရီးယားဓါတ်မြေဩဇာအိတ်များသက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေး
*****************************************************************************
နေပြည်တော် ဧပြီ ၂၈
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ညောင်ပင်ကြီးစု ကျေးရွာ၌ နွေစပါးစိုက်ပျိုးတောင်သူများအား ဧပြီ ၂၇ရက် နံနက်ပိုင်းကဌာနဆိုင်ရာတာဝန်ရှိ သူများက ယူရီးယားဓါတ်မြေဩဇာအိတ်များကို သက်သာသော
ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးသည်။ထိုသို့ စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုဓါတ်မြေဩဇာများဖြန့်ဖြူးရောင်းချပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့်မြို့နယ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တို့၏ ကြီးကြပ် မှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ဧပြီ၂၇ရက် နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ ပုဂံဘုရားဝန်းအတွင်း၌စုရပ်ပြုလုပ်၍ ဒေသခံတောင်သူ ၄၅ဦးအား နွေစပါးသီးနှံ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးအတွက် ယူရီးယားဓါတ်မြေဩဇာအိတ် ၈၅အိတ်ကိုသက်သာသောဈေးနှုန်းဖြင့် တောင်သူများထံ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းသိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်