Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖာပွန်မြို့နယ် ကျေးရွာသုံးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ပြန်လည်ပေးသွင်းနိုင်ရေး ကွင်းဆင်းစစ်ဆေး


28 Apr,2026

ဖာပွန်မြို့နယ် ကျေးရွာသုံးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ပြန်လည်ပေးသွင်းနိုင်ရေး ကွင်းဆင်းစစ်ဆေး

**********************************************
ဖာပွန် ဧပြီ ၂၈
         
       သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တံတားဦး+ကျွန်းတော+ဝါးဒူးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ အချိန်မီပြန်လည်ပေးသွင်းနိုင်ရေးအတွက် ဧပြီ ၂၈ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဖာပွန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ဝင်း၊ ဖာပွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကိုနှင့် တာဝန်ရှိသူများက တံတားဦး+ကျွန်းတော+ဝါးဒူးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် အချိန်မီပြန်လည်ပေးသွင်းနိုင်ရန်အတွက် ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။
        တံတားဦး+ကျွန်းတော+ဝါးဒူးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၂ဦးကို ငွေကျပ် ၁၈ ဒသမ ၂သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀ဦးကို ငွေကျပ် ၇ ဒသမ ၇သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂၄ဦးကို ငွေကျပ် ၁၇ ဒသမ ၅သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၅၆ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၃ ဒသမ ၄သန်း ထုတ်ချေးပေးထားကြောင်း မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကိုက ပြောပြ၍ သိရသည်။
 
ဆက်လူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်