Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"တောင်တွင်းကြီးမြို့နယ် ဂွေးကုန်းကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်းပြုလုပ်"


29 Apr,2026

"တောင်တွင်းကြီးမြို့နယ် ဂွေးကုန်းကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်းပြုလုပ်"


  တောင်တွင်းကြီး၊ဧပြီ ၂၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက ပန်းသွင်းကြီးကျေးရွာအုပ်စု၊ဂွေးကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   ဦးစီးအရာရှိဒေါ်စိုးသီတာ က
နိုင်ငံတော်အစိုးရသစ်၏ အကောင်အထည် ဖော်ဆောင်ရွက်မည့် ရက် ၁၀၀ စီမံချက်နှင့် စပ်လျဉ်းသည့်လုပ်ငန်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းတွင် လိုက်နာရမည့် မူဘောင်များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်ရွေးချယ်ရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ တာဝန်ဝတ္တရားများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ၊နည်းဥပဒေများ ၊ ကျေးရွာသူ၊ ကျေးရွာသားများ လိုက်နာရမည့် တာဝန်များနှင့် ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက်  ဦးစီးအရာရှိဒေါ်စိုးသီတာနှင့်စီမံကိန်းတာဝန်ခံဝန်ထမ်းများကကျေးရွာတာဝန်ရှိသူများနှင့်အတူ ဂွေးကုန်းကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာသူ၊ ကျေးရွာသားများ၏ အများသဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ၇ ဦးကို ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာ၌ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို အသုံးပြု၍ တနိုင်တပိုင် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။

                                                       နွဲ့ယဥ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်