သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် လူရည်ချွန်ရွေးချယ်ခံရသည့် ပထမနှစ်ကျောင်းသူ မနွေးနန္ဒာလှိုင် (ပသမ-၁၉) နှင့် ဒုတိယနှစ် ကျောင်းသား မောင်ကောင်းဇင်ဝင်း (2AF-1) တို့ လူရည်ချွန် (၂) ဦးအား လူရည်ချွန်ထောက်ပံ့ ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဘက်စုံသုံးခန်းမ (MH-109) အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားရာတွင် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လူရည်ချွန်ဖြစ်သွားပြီ ဖြစ်တဲ့အတွက် အရည်အချင်းရှိပြီး ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် ကြိုးစားကြရန်၊ လူရည်ချွန်ဂုဏ်ပုဒ်နဲ့အညီ ကျင့်ကြံနေထိုင်သွားကြရန်၊ ဗလငါးတန်နဲ့ပြည့်စုံပြီး ဘက်စုံထူးချွန်အောင် ကြိုးစားကြရန်၊ ပေါင်းသင်းဆက်ဆံရေးနဲ့ လူမှုအသိုက်အဝန်းကျယ်ပြန့်အောင် ကြိုးစားတည်ဆောက် ကြရန်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှ အခြေခံပညာအဆင့်နှင့် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်များ၊ လူရည်ချွန်ကြီးများနဲ့ တွေ့ဆုံရမှာ ဖြစ်တဲ့အတွက် ဗဟုသုတနဲ့ အတွေ့အကြုံကောင်း များကို စနစ်တကျမှတ်သားခဲ့ကြရန်နှင့် တက္ကသိုလ်က ဂုဏ်ယူရတဲ့ လူရည်ချွန်များ ဖြစ်လာအောင် ကြိုးစားကြရန်တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် ပါမောက္ခချုပ်က လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ (၂) ဦးအား လူရည်ချွန်ထောက်ပံ့ချီးမြှင့်ငွေ တစ်ဦးလျှင် ကျပ် (၃)သိန်း ချီးမြှင့်ပေးအပ်ရာ လူရည်ချွန်များက လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံ (၁၄)ဌာနမှ ပါမောက္ခ/ဌာနမှူး၊ ခေတ္တဌာနမှူးများ၊ ဆရာမများနှင့် လူရည်ချွန်များ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်