ကျောင်းကုန်းမြို့နယ် လယ်တီကျေးရွာ၌ ရက်(၁၀၀) စီမံချက်ဖြင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်း
==================================================================
==================================================================
========================
ကျောင်းကုန်း။ ဧပြီ။ ၂၈
ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၆ - ၂၀၂၇ခု ဘဏ္ဍာရေးနှစ်တွင်နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းကို ဧပြီလ(၂၈)နံနက်ပိုင်းက ဂုန်မင်း ကျေးရွာအုပ်စု၊လယ်တီကျေးရွာ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်က နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်နှင့်စပ်လျဉ်း၍ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စီမံကိန်း၏ ရည်ရွယ်ချက်များ၊ကျေးရွာကော်မတီဝင်များရွေးချယ်ရာတွင် လိုက်နာရ မည့် စည်းမျဉ်း၊ စည်းကမ်းများ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေများ၊ ကျေးရွာကော်မတီဝင်များ၏လုပ်ငန်းတာဝန်များ၊ စီမံကိန်းရန်ပုံငွေအား ထိရောက်စွာအသုံးပြုနိုင်ရေးနှင့် ပြည်သူ လူထုပူးပေါင်းပါဝင်မှု၏ အရေးပါပုံများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက်မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက လယ်တီကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာသူ၊ကျေးရွာသားများ၏ အများသဘောဆန္ဒနှင့်အညီ ကော်မတီဝင် ၇ ဦးကိုရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။အဆိုပါကျေးရွာ၌ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)မှထောက်ပံ့ရန်ပုံငွေကျပ်သိန်းတစ်ရာ့ငါးဆယ်နှင့် ပြည်သူထည့်ဝင်ငွေများအား အသုံးပြု၍ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဝန်ထမ်းများ၏နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ/သားများကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်