Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောင်းကုန်းမြို့နယ် မီးသွေးတိုက်အနောက်ကျေးရွာ၌ ရက်(၁၀၀) စီမံချက်ဖြင့်ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်း


01 May,2026

ကျောင်းကုန်းမြို့နယ် မီးသွေးတိုက်အနောက်ကျေးရွာ၌ ရက်(၁၀၀) စီမံချက်ဖြင့်ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်း
==================================================================
==================================================================
========================
‎ကျောင်းကုန်း။ ဧပြီ။ ၂၉

‎‎ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၆ - ၂၀၂၇ခု ဘဏ္ဍာ‌ရေးနှစ်တွင်နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းကို ဧပြီလ(၂၉)နေ့လည်ပိုင်းက ကွမ်းခြံကုန်း ကျေးရွာအုပ်စု၊မီးသွေးတိုက်အနောက်ကျေးရွာ၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဥက္ကဌ ဦးသိန်းထွန်း၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ၍ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
‎‎ရှေးဦးစွာ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်က နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်နှင့်စပ်လျဉ်း၍ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စီမံကိန်း၏ ရည်ရွယ်ချက်များ၊ကျေးရွာကော်မတီဝင်များရွေးချယ်ရာတွင် လိုက်နာရ မည့် စည်းမျဉ်း၊ စည်းကမ်းများ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေများ၊ ကျေးရွာ ကော်မတီဝင်များ၏လုပ်ငန်းတာဝန်များ၊ စီမံကိန်းရန်ပုံငွေအား ထိရောက်စွာအသုံးပြုနိုင်ရေးနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှု၏ အရေးပါပုံများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက်မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက မီးသွေးတိုက်အနောက်ကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာသူ၊ ကျေးရွာသားများ၏အများ သဘောဆန္ဒနှင့်အညီ ကော်မတီဝင် ၉ ဦးကို ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။‎‎အဆိုပါကျေးရွာ၌ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)မှထောက်ပံ့ရန်ပုံငွေကျပ်သိန်းတစ်ရာ့ငါးဆယ်နှင့် ပြည်သူထည့်ဝင်ငွေများအား အသုံးပြု၍ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဝန်ထမ်းများ၏နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ/သားများကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်