Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သနပ်ပင်မြို့နယ် ကသစ်ခုန်ကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် မြေသားရေကန်တိုးချဲ့ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများဆောင်ရွက်နေမှုစစ်ဆေး


02 May,2026

သနပ်ပင်မြို့နယ် ကသစ်ခုန်ကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် မြေသားရေကန်တိုးချဲ့ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများဆောင်ရွက်နေမှုစစ်ဆေး

သနပ်ပင်၊ မေ ၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကသစ်ခုန်ကျေးရွာ၌ ၂၀၂၆- ၂၀၂၇ ခု ဘဏ္ဍာရေးနှစ်တွင် ရက်(၁၀၀)စီမံချက်ဖြင့်မြေသားရေကန်တိုးချဲ့ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး
(နည်းပညာ)ဦးသန့်ဇင်မျိုး၊ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းမင်း၊ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြေသားရေကန်တိုးချဲ့ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး  ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးသန့်ဇင်မျိုးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပါသည်။

ကသစ်ခုန်ကျေးရွာအုပ်စု၊ကသစ်ခုန်ကျေးရွာ၌  အလျား ၂၅၀ပေ ၊ အနံ၁၅၀ ပေ
မြေသားရေကန်တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်း
နှင့်  ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ်တွင် ရက် (၁၀၀)စီမံချက်ဖြင့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၃၃ဒသမ ၃၄၀သန်းအသုံးပြု
ပြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ ယခုနှစ် ဧပြီလ တတိယပတ်မှ စတင်အကောင်အထည်ဖော်
ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၃၃၁ အိမ်၊ လူဦးရေ ၁၁၀၆ဦးနှင့် ကျွဲနွားတိရစ္ဆာန်တို့အတွက် ရာသီမရွေးသောက်သုံးရေများ အဆင်ပြေနိုင်မှာဖြစ်ကြောင်း  သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းထံမှ သိရသည်။
                                                      နွဲ့ယဥ်

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်