ရေကြည် မြို့နယ် ဒိုက်လျား ကျေးရွာ၌ ရက်၁၀၀ စီမံချက်ဖြင့် အုတ်ရေလှောင်ကန် တည်ဆောက်ခြင်းနှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး
ရေကြည် မေ ၂
သမဝါ ယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာနှစ်တွင် အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်သည့် နွားရေတိုက် ကျေးရွာအုပ်စု၊ ဒိုက်လျား ကျေးရွာ၌ အုတ်ရေလှောင်ကန် တည်ဆောက်ခြင်းနှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများ ကို မေ ၁ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရေကြည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလိန်းကွီး နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာ ရေပေးရေး ကော်မတီဝင်များနှင့်အတူ အုတ်ရေလှောင်ကန် တည်ဆောက်ခြင်းနှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများ ကို ကွင်းဆင်းစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးလိန်းကွီး က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် ၁၀၀ စီမံချက်ဖြင့် ရေကြည် မြို့နယ်အတွင်း ဒိုက်လျား ကျေးရွာ၌ အလျား ၁၂ ပေ၊ အနံ ၆ ပေ ၊ အမြင့် ၅ ပေ ရှိအုတ်ရေလှောင်ကန်တည်ဆောက်ခြင်း နှင့် အလျား ၁၀ ၊ အနံ ၈ ပေ ၊ အမြင် ၈ ပေ ရှိ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း များကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၂၆ ဒသမ ၉၂၁ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများက ယခုနှစ် ဧပြီလ ၄ ရက်နေ့က စတင်၍ တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း ဆောင်ရွက်မှုမှာ ၂၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ပါကြောင်း ရေကြည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလိန်းကွီး ပြောပြ၍ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်