Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မိသားစု၏ ကဆုန်ညောင်ရေသွန်းလောင်းပွဲကျင်းပ


30 Apr,2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မိသားစု၏ ကဆုန်ညောင်ရေသွန်းလောင်းပွဲ ကို ဗုဒ္ဓမြတ်စွာဘုရားရှင်၏ “ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ”သည့် ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) ၊ ၃၀-၄-၂၀၂၆ (ကြာသပတေးနေ့)၊ညနေ(၅:၀၀)နာရီအချိန်၌ တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းကကြီးမှူး၍ ဆုတောင်းပြည့် သဗ္ဗဇယအောင်စေတီတော်အတွင်းရှိ မဟာဗောဓိညောင်ပင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 
ပထမဦးစွာ ပါမောက္ခချုပ်ဒေါက်တာရီရီဝင်းနှင့် သင်ကြား/စီမံ(ပါမောက္ခ၊ဌာနမှူးများ)၊ ခေတ္တ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်ဝန်ထမ်းများသည် ကဆုန်ညောင်ရေသွန်းလောင်းခြင်းဖြင့် ကုသိုလ်ယူခဲ့ ကြပါသည်။ ဆက်လက်၍ တက္ကသိုလ်ဓမ္မာရုံတွင်ညောင်ရေသွန်းလောင်းရန် လာရောက်ကြသော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများကို အချိုရည်များလှူဒါန်းခဲ့ပြီး တက္ကသိုလ်မိသားစု၏ ကဆုန်ညောင်ရေသွန်း လောင်းပွဲကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်