Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရက်၁၀၀ စီမံချက်ဖြင့် ဟင်္သာတ မြို့နယ် သဇင်အင်းကုန်း ကျေးရွာ၌ Engine and Compressor တပ်ဆင်ခြင်း ၊ အုတ်ရေလှောင်ကန်တည်ဆောက်ခြင်း နှင့် စပ်ဆက်လုပ်ငန်းများ ဆောင်ရွက် နေမှု စစ်ဆေး


01 May,2026

ရက်၁၀၀ စီမံချက်ဖြင့် ဟင်္သာတ မြို့နယ် သဇင်အင်းကုန်း ကျေးရွာ၌  Engine and Compressor တပ်ဆင်ခြင်း ၊ အုတ်ရေလှောင်ကန်တည်ဆောက်ခြင်း နှင့် စပ်ဆက်လုပ်ငန်းများ ဆောင်ရွက် နေမှု  စစ်ဆေး

ဟင်္သာတ  ဧပြီ ၃၀

သမဝါ ယမ  နှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင် ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်သည့် သရက်အုပ်ကျေးရွာအုပ်စု၊ သဇင်အင်းကုန်း ကျေးရွာ၌ Engine and Compressor တပ်ဆင်ခြင်း ၊ အုတ်ရေလှောင်ကန်တည်ဆောက်ခြင်း နှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက် နေမှု  အခြေအနေများ ကို ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။          

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာ ရေပေးရေး ကော်မတီဝင်များနှင့်အတူ Engine and Compressor တပ်ဆင်ခြင်း ၊ အုတ်ရေလှောင်ကန်တည်ဆောက်ခြင်း နှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများ ကို   ကွင်းဆင်းစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်မှာကြားခဲ့ပြီး  ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

          ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် ၁၀၀ စီမံချက်ဖြင့် ဟင်္သာတ မြို့နယ်အတွင်း သဇင်အင်းကုန်း   ကျေးရွာ၌  Engine and Compressor တပ်ဆင်ခြင်း ၊ အလျား ၁၂ ပေ၊ အနံ ၆ ပေ ၊ အမြင် ၅ ပေ ရှိအုတ်ရေလှောင်ကန်တည်ဆောက်ခြင်း နှင့် အလျား ၁၀ ၊ အနံ ၈ ပေ ၊ အမြင် ၈ ပေ ရှိ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း များကို  ခွင့်ပြုရန်ပုံငွေကျပ် ၂၆ ဒသမ ၉၂၁ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများက  ယခုနှစ် ဧပြီလ  ၁ ရက်နေ့က စတင်၍  တာဝန်ယူ‌ ဆောင်ရွက်လျက်ရှိရာ ယခုအခါ  လုပ်ငန်း ဆောင်ရွက်မှုမှာ ၃၀   ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ပါကြောင်း  ဟင်္သာတ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း ပြောပြ၍   သိရသည်။          

ဇင်မာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်