ရက် (၁၀၀)စီမံချက်ဖြင့် ပုသိမ်မြို့နယ် သူတော်ကုန်း ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ မော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်
============================
ပုသိမ် မေလ ၂
=====================
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ဧရာဝတီတိုင်း ဒေသကြီး ၊ပုသိမ်ခရိုင် ၊ပုသိမ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ် တွင် ရက် (၁၀၀)စီမံချက်ဖြင့် ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်း ကျောင်းအထောက် အကူပြုစေရန်နှင့်အလုပ်အကိုင်အခွင့်အလမ်း များ ရရှိပြီး ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ အသက် မွေးဝမ်း ကျောင်း အထောက်အကူပြု အခြေခံ မော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲကို မေလ ၁ရက်နေ့ နံနက် ပိုင်းက ကမ်းနီ ကျေးရွာအုပ်စု၊သူ တော်ကုန်း ကျေးရွာ ၌ဖွင့်လှစ် ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ ပုသိမ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိုး အဖွင့်အမှား စကားပြောကြားသည်။
ဆက်လက်၍ ပုသိမ်မြို့နယ် ဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ် သီသီအောင်က သင်တန်းသားများအနေဖြင့် သင်တန်းကသင်ကြားပေးမည့် ဆိုင်ကယ်ပြုပြင်နည်း အသိပညာ၊အတတ်ပညာများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိအသုံးချနိုင်ရန် ကြိုးစားသင်ကြားစေလိုကြောင်းနှင့် ဦးစီဌာနမှ ရှေ့ဆက်လက် ဖွင့်လှစ်မည့် သင်တန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထိုနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ခရိုင်ဦးစီးမှူး/မြိူ့နယ်ဦးစီးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံသို့ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ မော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းသို့ ပုသိမ်မြို့နယ်အတွင်းရှိ သူတော်ကုန်း ကျေးရွာ၊ ကမ်းနီ ကျေးရွာ၊ လှည်းကျော်ကုန်း ကျေးရွာ၊ တွန်ပလွန် ကျေးရွာ၊ ဝန်သေ ကျေးရွာ၊ ဘုရားကုန်းကျေးရွာ ၊ ဇီးကုန်း ကျေးရွာ ၊ ကြာကန်ထောင့် ကျေးရွာ၊ ကြောင်ပန်းကုန်းကျေးရွာ ၊ အိမ်ချောင်းလေးကျေးရွာများမှ သင်တန်းသား ၂၀ ဦးတက်ရောက် ကြပြီး သင်တန်းတွင် ဆိုင်ကယ်ပြုပြင်နည်း နှင့် ပတ်သက်သည့် သင်ခန်းစာများကို ကျွမ်းကျင်နည်းပြဆရာ (၂)ဦး က စာတွေ့၊လက်တွေ့ နှစ်မျိုးစလုံးဖြင့် မေလ (၁)ရက်နေ့ မှ မေလ (၃၀) ရက့်နေ့အထိ (၁)လကြာ (အခမဲ့)သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပုသိမ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
မောင်ခိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်