Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရက် (၁၀၀)စီမံချက်ဖြင့် မိုင်း‌ယောင်းမြို့နယ်၌ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


02 May,2026

ရက် (၁၀၀)စီမံချက်ဖြင့် မိုင်း‌ယောင်းမြို့နယ်၌ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

======

မိုင်းယောင်း မေလ ၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်း‌ယောင်းခရိုင်၊ မိုင်း‌ ယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန က၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ်တွင် ရက် (၁၀၀)စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ  အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး ၊ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ မိုင်း ယောင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုင်းစိုးစိုးက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးရွာများ၏ ဒေသထုတ်ကုန်များ၊စျေးကွက်လိုအပ်ချက်များ၊ လုပ်သားလိုအပ်ချက်များ၊ ဒေသနှင့် ကိုက်ညီသည့် အသက်မွေးဝမ်း‌ကျောင်း သင်တန်းလိုအပ်ချက်များကို ဆန်းစစ်ရွေးချယ်ပြီး ယခုလို အသက်မွေးဝမ်း ကျောင်းပညာရပ်များကို သင်ကြားပို့ချပေးရခြင်း ဖြစ်ကြောင်းအမှာစကား ပြောကြားသည်။ ဆက်လက်၍ မိုင်းယောင်းမြို့နယ်ဦးစီးမှူး  ဒေါ်အေးအေးဝင်း က သင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းမှ ရရှိလာ မည့် အကျိုးကျေးဇူးများနှင့် သင်ကြားပို့ချပေးမည့် သင်ခန်းစာများကို ကြိုးစားသင်ယူမှတ်သားကြစေလိုကြောင်း၊ သင်တန်းကာလပြီးဆုံးသည့်တိုင် စိတ်ပါဝင်စားစွာ လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်သည်ထိ သင်ယူကြစေလိုကြောင်းရှင်းလင်းပြောကြားသည်။ထို‌နောက် ခရိုင်ဦးစီးမှူး နှင့် တာဝန်ရှိသူများက  သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို သင်တန်းသားများထံသို့ ထောက်ပံ့ပေးအပ်သည်။

 အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ အောင်မြေဆည်းဆာ ကျေးရွာ နှင့်  စံပြ ကျေးရွာတို့မှ သင်တန်းသား(၂၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကို (၁၅)ရက်အကြာ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
 

မောင်ခိုင်

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်