ပေါင် ဧပြီ ၂၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရင်းငြိမ်တောင်ကျေးရွာ ရွှေချမ်းသာစိုက်ပျိုးရေးနှင့်အထွေထွေ သမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးဇော်နိုင်ဦး၏ လယ်ယာမြေတွင် နွေစပါးရိတ်သိမ်း နေမှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းယုနှင့်ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ထိုသို့ကြည့်ရှုရာတွင် ပေါင်မြို့နယ် ရင်းငြိမ်တောင်ကျေးရွာ ရွှေချမ်းသာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ နွေစပါးရိတ်သိမ်းနေသည့် အသင်းသား ဦးဇော်နိုင်ဦး၏ လယ်ယာ မြေတွင် ရွှေသွယ်ရင်မျိုးစပါး စိုက်ကွက်အားရိုတ်သိမ်းဆောင်ရွက်ခဲ့ရာ တစ်ဧက အထွက်နှုန်း (၁၁၁) တင်း ထွက်ရှိခဲ့သည်။
ပေါင်မြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် နွေစပါးရိတ်သိမ်းချိန် အလေအလွင့်မရှိစေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိနိုင်စေရန် အချိန်မီရိတ်သိမ်းနိုင်ရေး၊ လုပ်ငန်းများစနစ်တကျ အကောင်အထည် ဖော်နိုင်ရေးစသည့် လိုအပ်ချက်များအား ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်