Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"Asean University Network-Quality Assurance (AUN-QA)" အလုပ်ရုံဆွေးနွေးပွဲသို့ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) မှ ဆရာ/ဆရာမများ Video Conferencing ဖြင့် Online မှ တက်ရောက်


04 May,2026

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် အရည်အသွေးအာမခံမှုစနစ် (Quality Assurance System) ပိုမိုခိုင်မာအားကောင်းလာစေရန် ရည်ရွယ်၍ အာဆီယံတက္ကသိုလ်များ ကွန်ရက်အရည်အသွေးအာမခံမှု (AUN-QA) မှ “ELOs System and Principles for Myanmar Universities (Online Workshop)" ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ Video Conferencing စနစ်ဖြင့် Online မှ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် Mr. Johnson Ohn Chee Bin (AUN-QA Expert) မှ ဦးဆောင် ဆွေးနွေးခဲ့ပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မှ ပါမောက္ခချုပ်ဦးဆောင်သည့် AUN-QA Community Project Committee တွင် ပါဝင်သည့် သမဝါယမပညာဌာန၊ စီမံခန့်ခွဲမှုပညာဌာန၊ အင်္ဂလိပ်စာဌာန၊ ဥပဒေပညာဌာနနှင့် သင်တန်းရေးရာဌာနတို့မှ ဆရာ/ဆရာမ (၁၁) ဦး ပါဝင် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် Expected Learning Outcomes (ELOs) စနစ်ဖြင့် Learning Outcomes များကို မှန်ကန်စွာရေးသားခြင်း၊ တိုင်းတာခြင်းနှင့် အကဲဖြတ်မှုတို့ကို ကိုက်ညီစေရန် (Constructive Alignment) အသုံးချခြင်းတို့ကို အလေးထားဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ခေတ်သစ်ပညာရေးတွင် အရေးပါလာသည့် Generative Artificial Intelligence (AI) နည်းပညာကို အသုံးပြု၍ Programme Learning Outcomes (PLOs)၊ Course Learning Outcomes (CLOs)၊ Lesson Learning Outcomes (LLOs) နှင့် Students Assessment အကဲဖြတ်မှုပုံစံများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲမှ လက်ရှိရေးဆွဲထားသော Expected Learning Outcomes (ELOs) များကို ပြန်လည်ဆန်းစစ်ပြီး စနစ်ကျသော Expected Learning Outcomes (ELOs) များ ရေးဆွဲနိုင်ခြင်း၊ Programme Learning Outcomes (PLOs) များနှင့်  Course Learning Outcomes (CLOs)၊ Lesson Learning Outcomes (LLOs) များကို ကိုက်ညီအောင် ချိတ်ဆက်နိုင်ခြင်း၊ Student Assessment များရေးသားရာတွင် Generative Artificial Intelligence (AI) နည်းပညာကို အသုံးပြု၍ ဆောင်ရွက်နိုင်ခြင်း၊ သင်ကြားမှု၊ သင်ယူမှုလုပ်ငန်း စဉ်များနှင့် အကဲဖြတ်စစ်ဆေးခြင်းများကို သင်ယူမှုရလဒ်များနှင့် ကိုက်ညီအောင်ဆောင်ရွက်နိုင် ခြင်း စသည့်အကျိုးကျေးဇူးများရရှိခဲ့ကြောင်း သိရှိရပါသည်။  
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်