Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇလွန်မြို့နယ်၌ လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်)စီမံကိန်းဆောင်ရွက်ရန် ကွင်းဆင်းဆွေးနွေး


06 May,2026

ဇလွန် မေ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အုတ်ရှစ်ကွင်းကျေးရွာ၌ အောင်မင်္ဂလာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားတောင်သူများအား မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့် အသုံးပြုနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးကျော်စိုးမင်း နှင့်တာဝန်ရှိသူများက ကွင်းဆင်း ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့အုတ်ရှစ်ကွင်းကျေးရွာ စာသင်ကျောင်း၌ ကွင်းဆင်းညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမ ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ယဉ်စိုးအေးက အသင်းသားတောင်သူ (၂၅)ဦး၊ စိုက်ပျိုးဧက(၅၀)အတွက် မိုးစပါးစိုက်ပျိုး အကောင်အထည်ဖော်မည့်အခြေအနေ၊ မျိုးနှင့်သွင်းအားစု လိုအပ်ချက်၊ စက်သုံးဆီလိုအပ်မှုများနှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်း ပြောကြားခဲ့ပြီး အသင်းသားတောင်သူ ဦးသောင်းအေး၏ လယ်မြေ(၅)ဧကတွင် မြေပြုပြင်ထားရှိမှု အား တိုင်းဒေသကြီး ဦးစီးမှူးဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ ကြသည်။ မိုးစပါးစိုက်ပျိုးချိန်အမီ စိုက်ပျိုးနိုင်ရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၏ ၂၀၂၆ - ၂၀၂၇ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ မိုးစပါး(၅၀)ဧကစိုက်ပျိုးရန် မျိုးသွင်းအားစုဖိုးငွေ ကျပ်(၁၄၄၀၀၀၀၀)ကို မတည်ရင်းနှီးငွေ ထုတ်ပေးရန် စီမံထားကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်