နေပြည်တော် မေ ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ကြီးမှူး၍ ရက်(၁၀၀)အတွင်း ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်စေရန် ရည်ရွယ်သည့် မော်တော်ဆိုင်ကယ်ပြုပြုထိန်းသိမ်းနည်းပညာသင်တန်းနှင့် သီးနှံအခြေခံတန်းဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ Incubation Centre ၌ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ သင်တန်းသား/သူများတက်ရောက်ကြသည်။
အခမ်းအနားတွင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကုန်ထုတ်လုပ်ငန်းများ ထူထောင်နိုင်ရေး၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးရေး၊ မိသားစုဝင်ငွေ တိုးပွားရေးတို့ကို အဓိကထား ဦးတည်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးပွားရေး စီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ သင်တန်းဆင်းတွေထဲကမှ ဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီသူ (၅) ဦး အားရွေးချယ်၍ လုပ်ငန်းထူထောင်ပေးခဲ့ရာ ယနေ့အချိန်အထိတိုင်းဒေသကြီး/ ပြည်နယ် (၁၅)ခုရှိ ကျေးရွာ (၅၄၄) ရွာတွင် စုစုပေါင်း လုပ်ငန်းရှင် (၂၇၁၀) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ယခု၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရက် (၁၀၀) အတွင်းမှာ လုပ်ငန်းရှင် စုစုပေါင်း (၁၀၀) ဦး ပေါ်ထွန်းလာစေရေး အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရုံးချုပ်အနေနဲ့ ရက် (၁၀၀) အတွင်း မော်တော်ဆိုင်ကယ် ပြုပြင် ထိန်းသိမ်းနည်း ပညာသင်တန်းကို တစ်လကြာ သင်ကြာပေးသွားမည်ဖြစ်သည်။ ထို့အတူ သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းကို တစ်ပတ်ကြာ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက် ပေးခြင်းကြောင့် ကျေးလက်နှင့်မြို့ပြနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး နေ့စဉ် ဝင်ငွေရရှိကာ တစ်ပိုင်တစ်နိုင် အသေးစား လုပ်ငန်းရှင်များ ပေါ်ထွန်း လာစေမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်