Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဟင်္သာတ မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့် အပ်ချုပ်စက်သင်တန်းဖွင့်လှစ်


05 May,2026

ဟင်္သာတ မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့် အပ်ချုပ်စက်သင်တန်းဖွင့်လှစ်

ဟင်္သာတ မေ ၅

            သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင် ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရန်၊ဝင်ငွေတိုး လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာနိုင်စေရန် နှင့် ကျွမ်းကျင်လုပ်သားများပေါ်ပေါက်စေရန် ရည်ရွယ်၍  ၂၀၂၆ -၂၀၂၇ ခု ဘဏ္ဍာ နှစ် ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေး ဝမ်းကျောင်းအထောက် အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၄  ရက်နေ့ နံနက်ပိုင်း က အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း  က သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့‌ ကြောင်း သိရသည်။

   ဆက်လက်၍ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ က သင်တန်းအမှာစကား ပြောကြားပြီး   ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်  မှ  သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
         ထို့နောက် သင်တန်းနည်းပြဆရာများက သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့်သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော တာဝန်ရှိသူများက သင်တန်းသူများထံ သင်ထောက်ကူပစ္စည်းများ အသီးသီးပေးအပ်ကြသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသူ ၂၀ ဦး တက်ရောက်ကြပြီး  အဆင့်မြင့် စက်ချုပ်နည်းအမျိုးမျိုးကို မေ ၄ ရက်ကနေ ဇွန် ၁၇ ရက်ထိ  ၄၅ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့ သင်ကြားပို့ချလျက်ရှိကြောင်း ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူ ဒေါ်ဆွေဆွေဝင်း  ထံမှ သိရသည်။

    ဇင်မာစောလှိုင်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်