Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အိမ်မဲမြို့နယ် ဖိုးကယ်ချောင်းကျေးရွာ၌ ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး


07 May,2026

အိမ်မဲမြို့နယ် ဖိုးကယ်ချောင်းကျေးရွာ၌ ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး

‎************************************************************************

‎အိမ်မဲ     မေ    ၇

‎‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အိမ်မဲမြို့နယ်၊ ကမ်းပျိုကျေးရွာအုပ်စု၊ ဖိုးကယ်ချောင်းကျေးရွာ၌ ၂၀၂၆-၂၀၂၇  ဘဏ္ဍာရေးနှစ် ရက် ၁၀၀ စီမံချက်ဖြင့် ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကို၊ အိမ်မဲမြို့နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများသည် ကျေးရွာသောက်သုံးရေ ရရှိရေး ကော်မတီဝင်များနှင့်အတူ ဖိုးကယ်ချောင်းကျေးရွာ၌ ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး က လုပ်ငန်းတာဝန်ခံအား လုပ်ငန်းများအားလုံး စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာ၌ ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၂၇ ဒသမ ၂ သန်းဖြင့် ဌာနမှ တာဝန်ယူ၍ ယခုနှစ် ဧပြီလ ၁၇ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရာနှုန်းပြည့် ပြီးစီးပါက ကျေးလက်နေပြည်သူများ ဘေးကင်းလုံခြုံသည့် သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိမည် ဖြစ်သည့်အတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်