"တောင်တွင်းကြီးမြို့နယ်၌ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်မည့် ကျေးရွာနှစ်ရွာအား ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)သင်တန်းဖွင့်လှစ်ပို့ချ"
တောင်တွင်းကြီး ၊မေ ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ်အစိုးရသစ် ၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာနှစ်ရွာမှ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP) သင်တန်းကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးအရာရှိဒေါ်စိုးသီတာက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရည်ရွယ် ချက်များ၊ စီမံကိန်းလုပ်ငန်းစဉ်များ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တောင်တွင်းကြီးမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန VDPစီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများကကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီ အစဉ်(AVIP)နှင့်ပတ်သက်သည့် သင်ခန်းစာများအပြင်၊ ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်၊ ကျေးရွာခေါင်းဆောင်မှုသင်ခန်းစာများကို သင်ကြားပို့ချသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)သင်တန်းကို တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ချင်းကုန်းကျေးရွာ၊ရွှေညောင်ပင်
ကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်၁၄ ဦးနှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ်နှင့် ပတ်သက်သည့်သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ တစ်ရက်ကြာသင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်