Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျုံပျော်မြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ပန်းရံသင်တန်းဖွင့်လှစ်


07 May,2026

ကျုံပျော်မြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ပန်းရံသင်တန်းဖွင့်လှစ်
=====================================
ကျုံပျော်၊ မေ-၇
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးလက်ဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ကျွမ်းကျင်လုပ်သားများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီး ဌာနရုံးအစည်းအဝေးခန်းမ၌ ဆောင်ရွက်ကြောင်းသိရသည်။
     ရှေးဦးစွာ ကျုံ‌ပျော်မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက သင်တန်းဖွင့်အမှာစကားများပြောကြား သည်။
     ဆက်လက်၍ ကျုံပျော်မြို့နယ်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစန္ဒာဌေးက အသက်မွေးဝမ်းကျောင်းအ ထောက်အကူပြု ပန်းရံသင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ ပန်းရံအတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး မိသားစုအတွက် အပိုဝင်ငွေရှာ ဖွေပေးနိုင်သည်အထိ ကြိုးစားစေလိုကြောင်း၊ သင်တန်းလွန်ကာလ ရင်းနှီးမတည်ငွေရရှိရေးနှင့် အလုပ်အကိုင်ရရှိရေးချိတ်ဆက်ပေးမည့် အခြေအ နေများကိုရှင်းလင်းပြောကြားသည်။
      ထို့နောက် အခမ်အနားသို့တက်ရောက်လာကြသည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ မြို့နယ်ဦးစီးမှူး ဒေါ်စုစန္ဒာ‌ဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များမှ သင်ထောက်ကူပစ္စည်းများကို သင်တန်း သားများထံသို့ ပေးအပ်သည်။
      အဆိုပါအသက်မွေးဝမ်းကျောင်းအထောက်အ ကူပြု ပန်းရံသင်တန်းသို့ ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၀ ဦးတက်ရောက်ကြောင်း၊ ပန်းရံပညာနှင့်ပတ်သက်၍ ကျွမ်း ကျင်နည်းပြဆရာများက ၂၀၂၆ ခုနှစ် မေလ ၇ ရက်နေ့မှ စတင်၍ ၁၅ ရက်ကြာ စာတွေ့လက်တွေ့နှစ်မျိုးဖြင့် အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း၊ ကျုံပျော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုန္ဒာဌေးထံမှသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်