Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးမြို့နယ်၌ VDP စီမံချက်ရေးဆွဲနည်းနှင့် AVIP ရေးသွင်းနည်းသင်တန်းဖွင့်လှစ်


07 May,2026

ပဲခူးမြို့နယ်၌ VDP စီမံချက်ရေးဆွဲနည်းနှင့် AVIP ရေးသွင်းနည်းသင်တန်းဖွင့်လှစ်
=====================================
ပဲခူး၊ မေ-၇
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)စီမံချက်ရေးဆွဲနည်းနှင့် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ် AVIP ဖြည့်သွင်းနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအ ချိန်က အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
     ရှေးဦးစွာ ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင် မောင်သိမ်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစီမံကိန်း(VDP)စီမံချက်ရေးဆွဲနည်းနှင့် ကျေး ရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ် AVIP ဖြည့်သွင်းနည်းသင်တန်းပို့ချပေးရခြင်း၏ ရည် ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ သင်တန်းမှ ပို့ချသင်ကြားပေးမည့်သင်ခန်းစာများကို လက် တွေ့နယ်ပယ်တွင် အသုံးချနိုင်သည့်အထိ ကြိုးစား သင်ယူလေ့လာကြရန်ရှင်းလင်းပြောကြားသည်။
     ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက သင်ခန်းစာများကို ရှင်းလင်းဆွေးနွေးသင်ကြားပို့ချပေး‌သည်။
      အဆိုပါသင်တန်းသို့ ပဲခူးမြို့နယ်၌ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာလေးရွာမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီဝင် သင်တန်းသားသင်တန်းသူ ၃၂ ဦးတက်ရောက်ကြောင်း ၊ VDP စီမံချက်ရေးဆွဲနည်း နှင့် AVIP ရေးသွင်းနည်းသင်ခန်းစာများကို ၅ ရက် ကြား စာတွေ့လက်တွေ့နှစ်မျိုးဖြင့် သင်ကြားပေး မည်ဖြစ်ကြောင်း ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သိမ်းထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်