Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းလှမြို့နယ် သဖန်းချောင်းကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်လှစ်


07 May,2026

မင်းလှမြို့နယ် သဖန်းချောင်းကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်လှစ်
=====================================
မင်းလှ၊ မေ-၇
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သဖန်းချောင်းကျေးရွာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးလက်ဒေ သတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ကျွမ်းကျင်လုပ်သားများပေါ်ထွန်းလာစေရန်ရည် ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုကြောင်းသိရသည်။
     ရှေးဦးစွာ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း‌အောင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။
     ဆက်လက်၍ မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးသူက အသက်မွေးဝမ်းကျောင်းအထောက် အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များ၊အကျိုး ကျေးဇူးများ၊ လျှပ်စစ်သံဂဟေဆက်အတတ်ပ ညာများကို စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး မိ သားစုအတွက် အပိုဝင်ငွေရှာဖွေပေးနိုင်သည်အထိ ကြိုးစားစေလိုကြောင်း၊ သင်တန်းလွန်ကာလ ရင်း နှီးမတည်ငွေရရှိရေးနှင့် အလုပ်အကိုင်ရရှိရေးချိတ်ဆက်ပေးမည့် အခြေအနေများကိုရှင်းလင်းပြောကြားသည်။
      ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံသို့ ပေးအပ် သည်။
      အဆိုပါအသက်မွေးဝမ်းကျောင်းအထောက်အ ကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းသို့ သဖန်း ချောင်းကျေးရွာနှင့်အနီးပတ်ဝန်းကျင် ကျေးရွာများမှ သင်တန်းသား ၂၀ ဦးတက်ရောက်ကြောင်း၊ လျှပ်စစ်သံဂဟေဆက်နှင့်ပတ်သက်၍ ကျွမ်းကျင်နည်းပြဆရာများက ၂၀၂၆ ခုနှစ် မေလ ၆ ရက်နေ့မှ စတင်၍ ၂၀၂၆ ခုနှစ် ဇွန်လ ၄ ရက်နေ့အထိ ၃၀ ရက်ကြာ စာတွေ့လက်တွေ့နှစ်မျိုးဖြင့် အခမဲ့သင် ကြားပေးမည်ဖြစ်ကြောင်း မင်းလှမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်လှမျိုးသူထံမှသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်