Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"မိုးကောင်းမြို့နယ် နမ္မတီးမြို့၊ မြို့သာယာရပ်ကွက်၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး"


07 May,2026

"မိုးကောင်းမြို့နယ် နမ္မတီးမြို့၊ မြို့သာယာရပ်ကွက်၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး"

မိုးကောင်း ၊မေ ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှဈ ရက်(၁၀၀)စီမံချက်အရ ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ (Quick Win)ဖြင့် နမ္မတီးမြို့၊ မြို့သာယာရပ်ကွက်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆောင်ရွက်ထားရှိသည့် သောက်သုံးရေရရှိရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်း၊ မိုးကောင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း၊ တာဝန်ခံအင်ဂျင်နီယာတို့နှင့်အတူ နမ္မတီးမြို့၊ မြို့သာယာရပ်ကွက်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် သောက်သုံးရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သောက်သုံးရေရရှိရေးကော်မတီဝင်များနှင့်တွေ့ဆုံကာ တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

အဆိုပါ နမ္မတီးမြို့၊ မြို့သာယာရပ်ကွက်၌ ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ (Quick Win) ကျပ် ၂၆ ဒဿမ ၈ သန်းဖြင့် ဆိုလာစနစ်သောက်သုံးရေရရှိရေး အကျယ် လေးလက်မ၊ အနက်ပေ ၂၀၀ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလံ ၂၀၀၀ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများ
အား မြို့နယ်ကျေးလက်ဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ၏စုဖွဲ့မှုဖြင့် ၂၀၂၆ခုနှစ် ဧပြီလ ဒုတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းက ပြောပြ၍ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်