သန်လျင်မြို့နယ် ပုဂံတောင်ကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် မြေသားရေကန်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး
************************************************************************
သန်လျင် မေ ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ပုဂံတောင်ကျေးရွာ၌ မြေသားရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ သန်လျင်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော် နှင့် တာဝန်ရှိသူများက ပုဂံတောင်ကျေးရွာ၌ ကျေးရွာသူ/သား ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျေးရွာရှိ သောက်သုံးရေကန်များ ဖြစ်သည့် ဓမ္မာရုံကန်အား ခြံစည်းရိုး အရှည် ပေ ၆၅၀ နှင့် ဘုရားကန်အား ခြံစည်းရိုးအရှည် ပေ ၄၅၀ ကာရံခြင်းလုပ်ငန်းများကို ရက် ၁၀၀ စီမံချက်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားပြီး ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ရေကန်များ၏ လက်ရှိအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ၌ ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် ၁၀၀ စီမံချက်ကာလအတွင်း ပြည်ထောင်စုရန်ပုံငွေကျပ် ၂၁ ဒသမ သုည ၂ သန်းဖြင့် သန်လျင်မြို့ နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ၍ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ပုဂံတောင်ကျေးရွာရှိ ကျေးရွာသူ/ သားများ သန့်ရှင်းသောသောက်သုံးရေများ ရယူသုံးစွဲနိုင်မည်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်