နေပြည်တော်၊ မေ ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် SSID Online Registration Website အသုံးပြုနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ NOVEL IDEA Solution Provider Co.,Ltd တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလမ်းညွှန်အမှာ စကားပြောကြားသည်။ ထို့နောက် NOVEL IDEA Solution Provider Co.,Ltd က သင်တန်းနည်းပြ က သင်ကြားပေးခဲ့သော ဘာသာရပ်များနှင့်စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရန်လိုအပ်ချက်များအား ပြောကြားပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်အမှာစကားပြော ကြားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ SSID Online Registration Website အသုံးပြုနည်းသင်တန်းကို မေလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ SSID Online Registration Website ဝင်ရောက်နည်း၊ အသုံးပြုနည်းများ၊ မှတ်ပုံတင်လျှောက်ထားပုံ အဆင့်ဆင့်၊ အသေးစားကုန်ထုတ်လုပ်ငန်းရှင်များမှ မှတ်ပုံတင် လျှောက်လွှာ လျှောက်ထားရန် လိုအပ်သည့် အချက်အလက်များဖြည့်သွင်းခြင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ စသည်တို့ကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျမှတ်ပုံတင်ပေး၍ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် လျှင်မြန်စွာဆောင်ရွက်ပေးနိုင်ရန်၊ တိုင်းဒေသကြီး/ ပြည်နယ်များ အနေဖြင့်လည်း မှတ်ပုံတင်လုပ်ငန်းများကို လျာထားချက်ထက် ပိုမိုအကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်ရန်၊ အသေးစားလုပ်ငန်းရှင်များအနေဖြင့်လည်း အချိန်နှင့် တစ်ပြေးညီ လုပ်ငန်းမှတ်ပုံတင် လျှောက်ထားနိုင်ရန်နှင့် မှတ်ပုံတင်ကတ်ပြားများကို စနစ်တကျ ကိုယ်တိုင်ထုတ်ယူနိုင်စေရန် ရည်ရွယ်၍ ယခု သင်တန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်