Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒိုက်ဦးမြို့နယ် အမရကျေးရွာ၌ မြစိမ်းရောင်ကျေး ရွာစီမံကိန်းမှချေးငွေများထုတ်ပေး


11 May,2026

ဒိုက်ဦးမြို့နယ် အမရကျေးရွာ၌ မြစိမ်းရောင်ကျေး ရွာစီမံကိန်းမှချေးငွေများထုတ်ပေး
==================================
ဒိုက်ဦး၊ မေ-၉
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာကာ ကျေးလက်ဒေသဆင်းရဲမှုနှုန်း‌လျော့ကျလာစေရန်ရည်ရွယ်၍ အမရကျေးရွာ၌  ဒဿမအကြိမ်မြောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းမှပြန်လည်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
    ရှေးဦးစွာ ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့် ကြည်နှင့်ဝန်ထမ်းများက အမရကျေးရွာရှိကျေး ရွာတာဝန်ရှိသူများ၊ ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသားအသင်းသူများနှင့်တွေ့ ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အ ထည်ဖော်ဆောင်ရွက်ပေးခြင်းမှ ရရှိလာမည့်အ ကျိုးကျေးဇူးများ၊ စီမံကိန်းလက်စွဲစာစောင်ပါအကြောင်းအရာများ၊စီမံကိန်းမူဘောင်နှင့်လုပ် ငန်းစဉ်များ၊ စီမံကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ ကျေးလက်နေပြည်သူ များထားရှိရမည့် ကျေးရွာစိတ်ဓါတ်များ၊ ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေပါ အကြောင်းအရာများကို ရှင်းလင်းပြောကြား သည်။
     ဆက်လက်၍စီမံကိန်းတာဝန်ခံဝန်ထမ်းက ချေး ငွေထုတ်ချေးပေးရာတွင်လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များကိုရှင်းလင်းပြောကြားပြီးနောက် ဦးစီးအရာရှိက စီမံကိန်းရန်ပုံငွေကျပ် ၅၉ ဒဿမ ၄၀ သန်းကို အမရကျေးရွာရှိ ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များထံသို့ လွှဲပြောင်းပေးအပ်သည်။
     ထို့နောက် စီမံကိန်းတာဝန်ခံဝန်ထမ်း၏ အနီး ကပ်ကြီးကြပ်ဆောင်ရွက်ပေးမှုဖြင့် ကျေးရွာမြစိမ်း ရောင်လုပ်ငန်းအဖွဲ့ဝင်များက အမရကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ ၄၇ ဦးကိုချေး ငွေကျပ် ၂၂ ဒဿမ ၃၂ သန်း၊ မွေးမြူရေးလုပ် ငန်းဆောင်ရွက်သူ ၁၂၀ ဦးကိုချေးငွေကျပ် ၃၇ ဒဿမ ၀၈ သန်း၊ စုစုပေါင်းအသင်းသားအသင်းသူ ၁၆၇ ဦးကို ဧကဒဿမအကြိမ်မြောက် မြစိမ်း ရောင်ကျေးရွာစီမံ ကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၉ ဒဿမ ၄၀ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် တစ်ဦးချင်းစီ၏လက်ဝယ်အရောက်အသီးသီးထုတ်ချေးပေးခဲ့ကြောင်း ဒိုက်ဦးမြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်ကြည်ထံမှ သိရသည်။
ကိုညို(ကျေးလက်)
 
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်