Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"သာပေါင်းမြို့နယ် မဲဇလီကုန်းကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ပြုလုပ်"


11 May,2026

"သာပေါင်းမြို့နယ် မဲဇလီကုန်းကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ပြုလုပ်"  
    သာပေါင်း၊မေ   ၁၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကခတ္တိယကျေးရွာအုပ်စု၊မဲဇလီကုန်း ကျေးရွာ၌ရက် (၁၀၀)စီမံချက်အနေဖြင့်၂၀၂၆- ၂၀၂၇ခု ဘဏ္ဍာရေးနှစ်တွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)မိတ်ဆက်ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
   ရှေးဦးစွာ သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်ကရက်( ၁၀၀)စီမံချက်အနေဖြင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။
   ဆက်လက်၍  စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း( VDP) အကောင်အထည်ဖော်ဆောင်ရွက်ပုံအဆင့်ဆင့်နှင့် စီမံကိန်းလုပ် ငန်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့် အချက်များကို  ရှင်းလင်းပြောကြားသည်။
    ထို့နောက် သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်နှင့်တာဝန်ရှိသူ များက  ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ၇ဦးကို ကျေးရွာနေပြည်သူလူထုအများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။
     
မဲဇလီကုန်းကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ်သိန်း၁၅၀နှင့်ကျေးရွာပြည်သူလူထုထည့်ဝင်များအသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက နည်းပညာပံ့ပိုးမှု၊ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်ရက် ( ၁၀၀)အတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အပြီးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ် ထံမှ  သိရသည်။
                                                     နွဲ့ယဥ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်