Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် အလယ်ဘိုကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် စင်မြင့်ရေစင်တည်ဆောက်နေမှုစစ် ဆေး


08 May,2026

မကွေးမြို့နယ် အလယ်ဘိုကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် စင်မြင့်ရေစင်တည်ဆောက်နေမှုစစ် ဆေး
=====================================
မကွေး၊ မေ-၈
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်ဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်တွင် အလယ်ဘိုကျေးရွာ၌ ပြည်ထောင်စုရန်ပုံ ငွေဖြင့်ဆောင်ရွက်သော စင်မြင့်ရေစင်တည် ဆောက်နေမှုအခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြ ကြောင်းသိရသည်။
    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေး၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်နှင့်အင်ဂျင်နီယာ ဝန်ထမ်းများမှ ကျေးရွာကော်မတီဝင်များနှင့်အတူ အလယ်ဘိုကျေးရွာ ‌စင်မြင့်ရေစင်တည်ဆောက်နေ မှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးကြပြီးနောက် ခရိုင်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံပြီး စံချိန်စံ ညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးအလေးထားဆောင်ရွက်ပေးသွားမည့်အခြေအနေများကို ဆွေး နွေးပြောကြားခဲ့ သိရသည်။
      မကွေးမြို့နယ် အလယ်ဘိုကျေးရွာ၌ ၂၄၀၀ ဂါလံဆံ့စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စုရန်ပုံငွေကျပ် ၂၆ ဒဿမ ၅၀ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ အင်ဂျင်နီယာဝန်ထမ်းများမှတာဝန်ယူ၍ မေလ ၁ ရက်နေ့မှစတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ ယခုအခါ ၁၅ ရာခိုင်နှုန်းကျော်ဆောင် ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းအား လုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက အလယ်ဘို ကျေးရွာရှိ အိမ်ခြေ ၅၈၅ အိမ်မှ လူဦးရေ ၂၅၀၇ ဦး နှင့် ကျွဲ၊ နွား တိစ္ဆာန်များပါ သန့်ရှင်းသောသောက် သုံးရေဖူလုံစွာရရှိမည်ဖြစ်ပြီး ယခင်ကထက် လူမှု စီးပွားဘဝများပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးထံမှ သိရသည်။
ကိုညို(ကျေးလက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်