08 May,2026
တံတားဦးမြို့နယ် အုတ်ကျွတ်ဖိုကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် သဘာဝမြေဩဇာထုတ်လုပ် နည်းသင်တန်းဖွင့်လှစ်
============================================================================
တံတားဦး၊ မေ-၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ အုတ်ကျွတ်ဖိုကျေးရွာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေး လက်ဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ကျွမ်းကျင်လုပ်သားများပေါ်ထွန်းလာစေရန်ရည်ရွယ်၍အသက်မွေးဝမ်းကျောင်းအထောက် အကူပြု သဘာဝမြေဩဇာထုတ်လုပ်နည်းသင် တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကအဆို ပါကျေးရွာ၌ ကျင်းပပြုကြောင်းသိရသည်။
ရှေးဦးစွာ တံတားဦးခရိုင်စီမံခန့်ခွဲရေးနှင်အုပ် ချုပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ချမ်းငြိမ်း၊ တံ တားဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ် ခင်မာစန်း တို့ကသင် တန်းဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ တံတားဦးမြို့နယ်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချောယဉ်စုက အသက်မွေးဝမ်းကျောင်းအ ထောက်အကူပြု သဘာဝမြေဩဇာထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ် ချက်များ၊အကျိုးကျေးဇူးများ၊ သဘာဝမြေဩဇာ ထုတ်လုပ်မှုအတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး မိသားစုအတွက် အပိုဝင်ငွေရှာ ဖွေပေးနိုင်သည်အထိ ကြိုးစားစေလိုကြောင်း၊ သင်တန်းလွန်ကာလ ရင်းနှီးမတည်ငွေရရှိရေးနှင့် အလုပ်အကိုင်ရရှိရေးချိတ်ဆက်ပေးမည့် အခြေအ နေများကိုရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံသို့ ပေးအပ် သည်။
အဆိုပါအသက်မွေးဝမ်းကျောင်းအထောက်အ ကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းသို့ သဖန်း ချောင်းကျေးရွာနှင့်အနီးပတ်ဝန်းကျင် ကျေးရွာများမှ သင်တန်းသား ၂၀ ဦးတက်ရောက်ကြောင်း၊ သဘာဝမြေဩဇာထုတ်လုပ်နည်းနှင့်ပတ်သက်၍ ကျွမ်းကျင်နည်းပြဆရာများက ၂၀၂၆ ခုနှစ် မေလ ၆ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ စာတွေ့လက်တွေ့နှစ်မျိုးဖြင့် အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုနိုင်(ကျေးလက်)