Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြိတ်မြို့နယ် ကျေးရွာနှစ်ရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဒသမအကြိမ်မြောက် ထုတ်ချေး


08 May,2026

မြိတ်မြို့နယ် ကျေးရွာနှစ်ရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဒသမအကြိမ်မြောက် ထုတ်ချေး

‎************************************************************************

‎မြိတ်      မေ       ၈

‎‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တနိုင်တပိုင်အသေးစား စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကြေးအရင်းအနှီးရရှိပြီး မိသားစုစားဝတ်နေရေးကို အထောက် အကူပြုနိုင်ရန်အတွက် စလွန်းကျေးရွာနှင့် အနောင်မင်းသန်းကျေးရွာတို့၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဒသမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

‎‎ရှေးဦးစွာ မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးက မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များကို ရှင်းလင်း ပြောကြားပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းက ရန်ပုံငွေထုတ်ချေးရာတွင် လိုက်နာရန်စည်းကမ်းများ၊ အတိုး/အရင်းပေးဆပ်ရန်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားသည်။

‎‎ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းရန်ပုံငွေကျပ်သိန်း ၆၂၀ ကို  စလွန်း+ အနောင်မင်းသန်းကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ပြီး ကျေးရွာရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၆၉ ဦးကို ငွေကျပ် ၅၄၁ သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၈ ဦးကို ငွေကျပ် ၇၉ သိန်း၊ စုစုပေါင်း စီမံကိန်းအသင်းသူ/သား ၇၇ ဦးကို ငွေကျပ်သိန်း ၆၂၀ အား အတိုးနှုန်းသက်သာစွာဖြင့် တစ်ဦးချင်းလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်