Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် အဂတိလိုက်စားမှုတားဆီကာကွယ်ရေးအဖွဲ့ အစည်းအဝေးသို့ တက်ရောက်မှာကြား


12 May,2026

နေပြည်တော် မေ ၁၂

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတားဆီကာကွယ်ရေးအဖွဲ့ များ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အားသားချက်၊ အားနည်းချက်၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ဝန်ကြီးရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး(စီမံ)များနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ် များက Online စနစ်ဖြင့် တက်ရောက်သည်။

          ရှေးဦးစွာ အဂတိလိုက်စားမှုတားဆီကာကွယ်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်က နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်များတွင် တင်ဒါဆိုင်ရာကိစ္စများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်နှင့် ဝန်ထမ်းတိုင်း သိရှိလိုက်နာနိုင်ရေး တက်ရောက်လာ သူများက ထပ်ဆင့်မှာကြားရန်၊ လာဘ်ပေးလာဘ်ယူကိစ္စများ ကင်းရှင်းရန်၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ဌာနမှဖွင့်လှစ်သည့်သင်တန်းများတွင် အသိပညာပေးကြ ရန်၊ ကွင်းဆင်းခရီးစဉ်များတွင်လည်း ဝန်ထမ်းများ သိရှိလိုက်နာနိုင်ရေးအတွက် အချိန်ပေး၍ ရှင်းလင်းဆွေးနွေးမှာကြားကြရန်၊ ပြည်သူနှင့်ဆက်ဆံရာတွင် ရိုးသားဖြောင့်မတ်မှုဖြင့် ထိရောက်စွာ ကူညီပေးရန်နှင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံကြရန်၊ မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနများတွင် အဂတိ လိုက်စားမှုကင်းရှင်းရေးအတွက် ဝန်ထမ်းတိုင်းလိုက်နာ ဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ကြီးကြပ် ကွပ်ကဲဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

          ယင်းနောက် အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ် များနှင့် ညွှန်ကြားရေးမှူး(စီမံ)တို့က သက်ဆိုင်ရာဦးစီးဌာနအလိုက် အဂတိလိုက်စားမှုတာဆီး ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုများ၊ အားနည်းချက်များ၊ အားသာချက်များနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။

          ရှင်းလင်းဆွေးနွေးမှုများအပေါ် အဖွဲ့ခေါင်းဆောင် အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်