တံတားဦး မေ ၁၁
တံတားဦးခရိုင် တံတားဦးမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးဆောင်ပြီး အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ စွမ်းထက်အောင် နို့စားနွားမွေးမြူရေး သမဝါယမအသင်းအတွက် အစာစရိတ်ထောက်ပံ့ပေးခြင်းကို အဆိုပါကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အတွင်း၌ ကျင်းပကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် တံတားဦးမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်နောင် က အမှာစကားပြောကြားရာတွင် မိမိတို့ဦးစီးဌာနအနေဖြင့် လုပ်ငန်းများ အောင်မြင်တိုးတက်ရေး အတွက် ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နေကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး နို့စားနွားမွေးမြူရေးအတွက် အစာစရိတ်များကို ဒေသခံ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သူငယ်တော်ကျေးရွာ စွမ်းထက်အောင် နို့စားနွားမွေးမြူရေးသမဝါယမအသင်းတွင် ဒေသခံ နို့စားနွားမွေးမြူသူ (၄၅) ဦး၊ နို့စားနွားကောင်ရေ (၁၇၇) ကောင်အတွက် တစ်ကောင်လျှင် ငွေကျပ် (၅၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၈၈၅,၀၀၀၀ ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း မြို့နယ် သမဝါယမဦးစီးဌာနမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်