သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဝါဏိဇ္ဇဗေဒဌာနမှ ဦးစီးဆောင်ရွက် သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Diploma in Human Resource Management(4th Batch) Online သင်တန်း၏ ကျောင်းသား/ကျောင်းသူများ Project Paper Viva Defense စစ်ဆေးခြင်းကို (၂၈-၄-၂၀၂၆၊ ၅-၅-၂၀၂၆)ရက်နေ့ ညနေ (၆း၀ဝ)နာရီတွင်လည်းကောင်း၊ (၁-၅-၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင်လည်းကောင်း (၃)ရက်ကြာ online Video Conferencing ဖြင့် စာတမ်းဖတ်ကြားမည့် အဖွဲ့ (၁၅) ဖွဲ့အား ကြီးကြပ်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ Project Paper Viva Defense စစ်ဆေးခြင်းတွင် Board of Examiner များအဖြစ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဝါဏိဇ္ဇဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများနှင့် ပြင်ပပညာရှင် ဆရာမကြီးများဖြစ်သော ဒေါက်တာမို့မို့ရီ (ပါမောက္ခချုပ်(ငြိမ်း)၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း))၊ ဒေါ်ခင်အေးမြင့် (ပါမောက္ခဌာနမှူး(ငြိမ်း)၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း))မှ တက်ရောက်ခဲ့ပြီး ကျောင်းသား/သူများ တင်သွင်းသည့် စာတမ်းနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်ခဲ့ကြပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်