ရက်၁၀၀ စီမံချက်ဖြင့် ဟင်္သာတ မြို့နယ် သဇင်အင်းကုန်း ကျေးရွာ၌ Engine and Compressor တပ်ဆင်ခြင်း ၊ ရေစုကန် နှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး
ဟင်္သာတ မေလ ၁၂
သမဝါ ယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင် ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်သည့် သရက်အုပ်ကျေးရွာအုပ်စု၊ သဇင်အင်းကုန်း ကျေးရွာ၌ Engine and Compressor တပ်ဆင်ခြင်း ၊ ရေစုကန် နှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ကို မေ ၁၁ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင် ၊ ဟင်္သာတ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း နှင့် ခရိုင်၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာ ရေပေးရေး ကော်မတီဝင်များနှင့်အတူ Engine and Compressor တပ်ဆင်ခြင်း ၊ ရေစုကန် နှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများ ကို ကွင်းဆင်းစစ်ဆေးပြီး ဟင်္သာတ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင် က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် ၁၀၀ စီမံချက်ဖြင့် ဟင်္သာတ မြို့နယ်အတွင်း သဇင်အင်းကုန်း ကျေးရွာ၌ Engine and Compressor တပ်ဆင်ခြင်း ၊ အလျား ၁၂ ပေ၊ အနံ ၆ ပေ ၊ အမြင့် ၅ ပေ ရှိ ရေစုကန်တည်ဆောက်ခြင်း နှင့် အလျား ၁၀ ၊ အနံ ၈ ပေ ၊ အမြင့် ၈ ပေ ရှိ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း များကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၆ ဒသမ ၉၂၁ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများက ယခုနှစ် ဧပြီလ ၁ ရက်နေ့က စတင်၍ တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း ဆောင်ရွက်မှုမှာ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ပါကြောင်း ဟင်္သာတ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း ပြောပြ၍ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်