မြိတ်မြို့နယ် ကျောက်ဖြူတောင်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်
************************************************************************
မြိတ် မေ ၁၄
သမဝါယမနှင့်ကျးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတွက် ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၁၃ ရက်နေ့နံနက်ပိုင်းက စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ သင်တန်းကာလ ပြီးမြောက်ပါက အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး ဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်မည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးက သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများထံ လွှဲပြောင်းပေးအပ်ပြီး ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မေလ ၁၃ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့ထိ သင်တန်းကာလ ၄၅ ရက်ကြာ ကျွမ်းကျင်နည်းပြဆရာမများက အခြေခံအပ်ချုပ်ခြင်းဆိုင်ရာ အတတ်ပညာများကို သင်ထောက်ကူ ပစ္စည်းစုံလင်စွာဖြင့် စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြိတ်မြို့နယ်အတွင်းရှိ ကျောက်ဖြူတောင်ကျေးရွာ၊ ရေမြစ်ကြီးကျေးရွာ၊ ကျွဲကူးကျေးရွာ၊ ကုန်းမြင့်သာယာကျေးရွာနှင့် ရွှေဒူးကျေးရွာတို့မှ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ယူသွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်