Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ငူမြို့နယ် အင်းပုလဲကျေးရွာ၌ VDP စီမံ ကိန်းလုပ်ငန်းများကွင်းဆင်းစစ်ဆေး


14 May,2026

တောင်ငူမြို့နယ် အင်းပုလဲကျေးရွာ၌ VDP စီမံ ကိန်းလုပ်ငန်းများကွင်းဆင်းစစ်ဆေး
=====================================
တောင်ငူ၊ မေ-၁၄
 
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ဆင်ဆိပ်ကျေးရွာအုပ်စု၊ အင်းပုလဲကျေး ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေနှင့်ပြည်သူထည့်ဝင်ငွေတို့ဖြင့်ကျေး ရွာတွင်းလမ်းကျောက်ရောမြေခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူ များမှ (၁၃-၅-၂၀၂၆)ရက်နေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ် ဆေးကြကြောင်းသိရသည်။
    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တောင်ငူမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူရနှင့် ဝန်ထမ်းများမှ ကျေးရွာကော်မတီဝင်များနှင့်အတူအင်းပုလဲကျေး ရွာ၌ ကျေးရွာတွင်းလမ်းကျောက်ရောမြေခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးကြနောက် မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များကို စံ ချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးရေး အလေး ထားဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
     တောင်ငူမြို့နယ် အင်းပုလဲကျေးရွာ၌ အရှည် ၁၄၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မရှိသော ကျေးရွာတွင်းလမ်းကျောက်ရောမြေခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေကျပ် ၁၅ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၅ ဒဿမ ၄၉ သန်း၊ စုစုပေါင်းကျပ် ၂၀ ဒဿမ ၄၉ သန်းဖြင့် တောင်ငူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာကူညီမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင်၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့မှစတင်ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၆၀ ရာနှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအား လုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက အင်းပုလဲကျေးရွာရှိ  ကျေးရွာသူ‌ကျေးရွာသားတို့၏ သွား လာရေးအဆင်ပြေလွယ်ကူစေမှာဖြစ်ပြီး ယခင်ကထက်လူစီးပွားဘဝများပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း တောင်ငူမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူရထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်