ဆင်ပေါင်ဝဲ မေ ၁၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ရက် (၁၀၀) စီမံချက် ကာလအတွင်း ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး တောင်သူများ ဝင်ငွေပိုမိုတိုးတက်ရရှိရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်အတွက် သမဝါယမဦးစီးဌာနမှ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် လူမှုစီးပွားဘဝမြှင့်တင်ရေး (သက်တန့်ရောင်) စီမံကိန်းဖြင့် မျိုး၊ မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးခြင်း လုပ်ငန်းအတွက် မိုးစပါး၊ ဝါ စိုက်ပျိုးမည့် ဉာဏ်တော်အင်း၊ လွန်ချီ၊ မွှန်းညောင်ပင်သာ၊ ဝါးရှိ၊ မကြီးစမ်း၊ ကုက္ကိုစမ်း၊ ကျေးရွာ (၆)ရွာရှိ အသင်းအမှုဆောင်များနှင့် အသင်းသားများအား (၇-၅-၂၆) ရက်နေ့မှ (၉-၅-၂၆) ရက်နေ့အထိ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယတိုင်းသမဝါယမဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် သမဝါယမဦးစီးဌာနမှ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်းဖြင့် မျိုး၊ မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးခြင်း လုပ်ငန်း အတွက် မိုးစပါး၊ ဝါ စိုက်ပျိုးမည့် ဉာဏ်တော်အင်း၊ လွန်ချီ၊ မွှန်းညောင်ပင်သာ၊ ဝါးရှိ၊ မကြီးစမ်း၊ ကုက္ကိုစမ်း၊ ကျေးရွာ(၆)ရွာရှိ အသင်းအမှုဆောင်များနှင့် အသင်းသားများအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်