နတ်မောက် မေ ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဝန်ထမ်းပေါင်းစုံ(ငွေစုငွေချေး) သမဝါယမအသင်း လီမိတက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ် သမဝါယမအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းစု သဘာပတိ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အသင်းစုဥက္ကဋ္ဌ ဦးလေးမြင့်က အသင်း စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အကြံပြုဆွေးနွေးခဲ့သည်။ ဆက်လက်၍ အသင်းအမှုဆောင် ဒေါ်မေမဥ္ဇူက အသင်း၏ လုပ်ငန်းအစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်နှင့် ဘဏ္ဍာရေးရှင်းတမ်းများအား ဖတ်ကြားရှင်းလင်း ခဲ့သည်။ ထို့နောက် အစည်းအဝေးတွင်တက်ရောက်လာကြသည့် အသင်းသား၊ အသင်းသူ (၈၈)ဦးအား စုဆောင်းငွေပေါ်အတိုးနှင့်နေ့တွက်စရိတ် ကျပ်(၅၂၂၀၀၀၀) ထုတ်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်