ပေါက်ခေါင်း မေ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ မြို့နယ်အသင်းစုတို့မှ တာဝန်ရှိသူများက သမဝါယမကဏ္ဍမှ ရက်(၁၀၀)စီမံချက်အတွင်း ဆောင်ရွက်နေသော နိုင်ငံစီးပွားမြင့်တင့်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ကျပ် (၂.၅)သိန်းနှုန်းနှင့်ညီမျှသော မျိုးနှင့် သွင်းအားစုများကို ပံ့ပိုးရယူဆောင်ရွက်သည့် အခြေခံသမဝါယမအသင်း ၄ သင်း၊ အသင်းသား တောင်သူ ၇၀ ဦး၊ နွေစပါးစိုက်ဧက ၅၀၀ အနက် ဝက်တိုးကျေးရွာ အသင်းသားတောင်သူ ဦးသိန်းဦး၏လယ်မြေတွင် စိုက်ပျိုးထားသော ရေဆင်းပေါ်ဆန်း-၂ စပါးစိုက်ခင်း အောင်မြင်စေရန် ကွင်းဆင်းကြည့်ရှုကာ စနစ်ကျသော စိုက်ပျိုးရေးဖြစ်စေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်