ချောင်းဆုံ မေ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်သမဝါယမ ဦးစီးဌာနတွင် ရက်(၁၀၀)စီမံချက်ကာလအတွင်း သက်တန့်ရောင်စီမံကိန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မည့် ပန်းကမ္ဘာဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၊ ဒေါင်းရပ်အရှေ့ လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း၊ စိန်ပန်းခိုင်လယ်ယာနှင့်အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်း (၃)သင်းရှိ မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများအား လိုအပ်သောသွင်းအားစုများ ပံ့ပိုးပေးမည်ဖြစ်ရာ လုပ်ငန်းစဉ်များ၊ (SOP) နှင့်အညီဆောင်ရွက်နိုင်ရေး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထွက်နှုန်းကောင်းမွန်၍ စနစ်ကျသော စိုက်ပျိုးနည်း စနစ်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်သမဝါယမဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ နယ်မြေတာဝန်ခံ ဦးဆောင်၍ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အသင်းသား တောင်သူများနှင့် တွေ့ဆုံရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်