Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်


14 May,2026

         သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်မည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ ပျိုမေ့အိမ်ရာ၌ ကျင်းပသည်။

            အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတိုင်းဦးစီးမှူး၊ ပျိုမေ့အိမ်လူမှု ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ ဒါရိုက်တာ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          အဆိုပါ သင်တန်းဖွင့်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းနိုင်က အဖွင့်အမှာ စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးက ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းဖွင့်လှစ်ပေးနေမှုများ၊ စားသောက် ကုန်လူသုံးကုန် လုပ်ငန်းများအား ဓါတ်ခွဲစမ်းသပ်ပြီး ဈေးကွက်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ‌ဖြန့်ဖြူးရောင်းချနိုင်စေရန် လုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ပေးနေမှုများနှင့် ယခုဖွင့်လှစ်သော သင်တန်းတွင်လည်း ဌာနမှ သင်ကြားပေးသောပညာရပ်များကို အသုံးချကာ မိမိတို့ရပ်ကွက်၊ မြို့နယ်အတွင်း အာဟာရပြည့်ဘေးအန္တရာယ် ကင်းရှင်းပြီး ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ပါ က လုပ်ငန်းထူထောင်သူများလည်း ဝင်ငွေများရရှိသကဲ့သို့ ဒေသတွင်း လည်းဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူ ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ယခုဖွင့်လှစ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် သင်တန်းသား သင်တန်းသူ (၁၅)ဦးအား Milk Bread၊ Cheese Bread၊ Butter Pudding Bread၊ Donuts၊ Butter Cake၊ Marble Cake၊ Cup Cake၊ Chiffon Cake၊ Cookies၊ လျှာပေါ်ဝဲ၊ နံကထိုင်၊ Birthday Cake ပြုလုပ်နည်းများကို ကိုယ်ပိုင်လုပ်ငန်းထူထောင် နိုင်သည်အထိ (၁၄.၅.၂၀၂၆)ရက်နေ့မှ (၂၀.၅.၂၀၂၆) ရက်နေ့အထိ အခြေခံသင်တန်း၊ (၂၆.၅.၂၀၂၆)ရက်နေ့မှ (၁.၆.၂၀၂၆) ရက်နေ့အထိမွမ်းမံသင်တန်းကို စာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်နှုန်း သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်