သာယာဝတီမြို့နယ် ကျေးရွာ ၃ ရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး
************************************************************************
သာယာဝတီ မေ ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နှင့် မိသားစုဝင်ငွေများတိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ သာယာဝတီမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို (၁၃-၅-၂၀၂၆)ရက်နေ့နက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညွန့်ဇော်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက သာယာဝတီမြို့နယ်မှ တာဝန်ရှိသူများ နှင့်အတူ ကျွန်းကုန်းကျေးရွာ၊ ကျွဲခြံအင်း(အနောက်စု)ကျေးရွာနှင့် ကျွဲခြံအင်း(အရှေ့စု)ကျေးရွာတို့၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် လအလိုက် ဖြည့်သွင်းရသည့် စာရင်းဇယားများ ပြည့်စုံမှန်ကန်မှု ရှိ၊ မရှိကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးညွန့်ဇော်က မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များအား တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်ပြီး မိသားစုကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တိုးပွားလာစေရန်အတွက် ကြိုးစားဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ ၃ ရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၄၄ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၃၀ ဦး၊ အခြားအသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ ၂ ဦး စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၇၆ ဦးကို အရင်းမပျောက်လည်ပတ်ရန်ပုံ ငွေကျပ် ၄၃ သန်း ထုတ်ချေးထားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်