Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ်၌ အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်


15 May,2026

သရက်မြို့နယ်၌ အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်

*********************************************
သရက် မေ ၁၅
           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်း(ဆပ်ပြာ၊ ခေါင်းလျှော်ရည်)သင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၁၅ရက် နံနက် ၁၀ နာရီက သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
         ရှေးဦးစွာ သရက်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြားသည်။
         ဆက်လက်၍ သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမိုးဝင်းက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်း(ဆပ်ပြာ၊ ခေါင်းလျှော်ရည်)သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
       ထို့နောက် တိုင်းဒေသကြီး(၁)လွှတ်တာ်ကိုယ်စားလှယ် ဦးကျော်ကျော်၊ တိုင်းဒေသကြီး(၂)လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာညိုဝင်း၊ အမျိုးသမီးရေးရာကော်မတီဥက္ကဌ(ကိုယ်စား) ဒုတိယဦးစီးမှူး ဒေါ်ယုယုခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ(ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရတို့က သင်တန်းသူများထံ သင်ထောက်ကူပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။
       အဆိုပါသင်တန်းသို့ သရက်မြို့နယ်အတွင်း ကျေးရွာကိုးရွာမှ သင်တန်းသူ ၂၀ ဦးတက်‌ရောက်ကြပြီး သင်တန်းကို မေ ၁၅ရက်မှ ၁၉ရက်နေ့ အထိ ၅ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြာင်း သိရသည်။
 
ဆက်လူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်