Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါက်ခေါင်းမြို့နယ်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသောကျေးလက်လမ်းတံတားလုပ်ငန်းများအားကွင်းဆင်းစစ်ဆေး


17 May,2026

ပေါက်ခေါင်း မေ ၁၇ 
             ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထူးအောင်၊  မြို့နယ်ပါတီဝင်များ၊ ခရိုင်/မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံများနှင့်အတူ (၁၇-၅-၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် ပေါက်ခေါင်းမြို့နယ် ဗောဓိကုန်းနှင့် ဓမ္မသော်အုပ်စုအတွင်းရှိ ဗောဓိကုန်း-ချောင်းခွကြီးလမ်းသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတိုက်စားပြိုကျနေသော အပိုင်းများအား သွားရောက်စစ်ဆေးကြည့်ရှုကာ ပြည်သူလူထုအလွယ်တကူသွားလာနိုင်ရေးအဆင်ပြေချောမွေ့စေရန်အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်