Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ဆရာ၊ ဆရာမများ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ


14 May,2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ဆရာ၊ ဆရာမများ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာ သင်တန်း(Capacity Building and Training of Trainers on Pedagogy) ဖွင့်ပွဲအခမ်းအနားကို ယနေ့  နံနက် ၉ နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့တက္ကသိုလ် အနေဖြင့် ၂၀၁၂ ခုနှစ် တက္ကသိုလ်အဆင့်တိုးမြှင့်သည့်အချိန်မှစ၍ ဆရာ၊ ဆရာမများ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာသင်တန်းများကို ရန်ကုန်ပညာရေးတက္ကသိုလ်မှ အတွေ့အကြုံ ရင့်ကျက်သော ပါမောက္ခ/ တွဲဖက်ပါမောက္ခများအား ဖိတ်ကြား၍ ဖွင့်လှစ်ခဲ့ရာ ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် နဝမအကြိမ် ဖြစ်ပါကြောင်း၊ ယနေ့ခေတ် ပညာရေးကဏ္ဍသည် Knowledge-based Society သို့ ဦးတည်ပြောင်းလဲလာသည့်အလျောက် သင်ကြားရေးနည်းစနစ်များ၊ သင်ယူမှုနည်းလမ်း များနှင့် သင်ကြားသူ ဆရာမ၊ ဆရာမများ၏ အရည်အသွေးတို့သည် အရေးကြီးပါကြောင်း၊ Myanmar Sustainable Development Plan (MSDP) တွင်လည်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးမြင့်ပညာရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမဏ္ဍိုင်တစ်ရပ်အဖြစ် ဖော်ပြ ထားသည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals-SDGs) ၁၇ ချက် ရှိသည့်အနက် ပန်းတိုင်-၄ ဖြစ်သည့် Quality Education သည် Inclusive and Equitable Quality Education ကို အဓိကဦးတည်ထားပြီး Qualified Teachers များ၏ အခန်းကဏ္ဍကို အထူးအလေးထား ဖော်ပြထားရာ ပညာရေးကဏ္ဍတွင် ကျွမ်းကျင်မှု၊ တီထွင်ဖန်တီးနိုင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရန် ဆရာ၊ ဆရာမများ၏ အရည်အသွေးသည် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်းနှင့် အရည်အသွေး ပြည့်ဝသည့် ပညာရေးကို ဖော်ဆောင်လိုပါက အရည်အသွေးမြင့် ဆရာ၊ ဆရာမများရှိရန် မရှိမဖြစ် လိုအပ်ပါကြောင်း၊ ယခင်က ဆရာဗဟိုပြုသင်ကြားသည့် Teacher-centered Learning မှ ယနေ့ခေတ်တွင် Student-centered Learning, Outcome-based Education (OBE), Active Learning, Critical Thinking နှင့် Digital Pedagogy များကို အခြေခံသည့် သင်ကြား၊ သင်ယူမှု စနစ်များသို့ ကူးပြောင်းလာပြီဖြစ်ပါကြောင်း၊ ထိုသို့ ပြောင်းလဲလာသည့် ပညာရေးပတ်ဝန်းကျင်နှင့် ကိုက်ညီစေရန် ဆရာ၊ ဆရာမများ၏ သင်ကြားမှုစွမ်းရည်၊ သင်ယူသူဗဟိုပြုသင်ကြားနည်း အသုံးချ နိုင်မှုနှင့် နည်းပညာပေါင်းစပ်သင်ကြားနိုင်မှုတို့ကို မြှင့်တင်ရန် လိုအပ်သည့်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်း မှတစ်ဆင့် ဆရာ၊ ဆရာမများအနေဖြင့် Student-centered Teaching Methods များကို ထိရောက်စွာ အသုံးချနိုင်ခြင်း၊ Critical Thinking နှင့် ‌Problem-solving Skills များ ဖွံ့ဖြိုးစေသော သင်ကြားမှုများ ဆောင်ရွက်နိုင်ခြင်း၊ ICT နှင့် Digital Tools များကို သင်ကြားရေးတွင် ပေါင်းစပ်အသုံးပြုနိုင်ခြင်း၊ Assessment and Evaluation Methods များကို  စနစ်တကျ အသုံးချနိုင်ခြင်း၊ Outcome-based Education နှင့် Aligned Curriculum များကို နားလည်သဘောပေါက်လာခြင်းစသည့် အကျိုးရလဒ်များရရှိမည်ဟု မျှော်မှန်းပါကြောင်းနှင့် သင်တန်း တက်ရောက်မည့် ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းမှ ရရှိသော အသိပညာနှင့် အတွေ့အကြုံများကို မိမိတို့၏ သင်ကြားရေးလုပ်ငန်းများတွင် လက်တွေ့အသုံးချကာ ကျောင်းသား၊ ကျောင်းသူများ အတွက် ပိုမိုကောင်းမွန်သည့် သင်ကြား၊ သင်ယူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)  မှ ပါမောက္ခချုပ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်မှ သင်တန်းပို့ချမည့် ပါမောက္ခ/ ဌာနမှူးများ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မှ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် သင်တန်းသား ဆရာ၊ ဆရာမ ၄၇ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၁၄-၅-၂၀၂၆ ရက်နေ့မှ ၂၂-၅-၂၀၂၆ ရက်နေ့အထိ ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်